16th Session of CE-TEP

16th Session of CE-TEP

February 13, 2025

လေးစားအပ်ပါသော CETEP အဖွဲ့ဝင်များ၊ စိတ်ဝင်စားသူများ ခင်ဗျား

CETEP (ရာသီဥတု နှင့် ပတ်ဝန်းကျင် ဆိုင်ရာ နည်းပညာ ဖလှယ်ခြင်း ရပ်ဝန်း) အစီအစဉ်ကို ၂၀၂၄-ခုနှစ်၊ ဇွန်လမှစပြီး တစ်လလျှင် ၂-ကြိမ် စနေနေ့ ၃- နာရီမှ ၅- နာရီအထိ ကို ပုံမှန်ကျင်းပခဲ့ပါသည်။

၂၀၂၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ (စနေနေ့တွင်) ကျင်းပပြုလုပ်မည့် ၁၆ ကြိမ်မြောက် CETEP အစီအစဉ်ကို ခါတိုင်း ကျင်းပသကဲ့သို့ အွန်လိုင်း မှ ဆွေးနွေးမည့် အစီအစဉ်အစား ဒဂုံအရှေ့မြို့နယ်ရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ “https://maps.app.goo.gl/8VjtyZRADepiaLHu6” တွင် နေထိုင်ကြသော လူငယ်များ အတွက် ရည်ရွယ်ပြီး ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပို့ချမည်အစီအစဉ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။ ပရဟိတဂေဟာ၏ နေရာ၊ လျှပ်စစ်မီးနှင့် အင်တာနက် အခက်အခဲ များကြောင့် အစီအစဉ်ကို အဆိုပါ ဂေဟာ အတွင်းတွင်သာ လူကိုယ်တိုင် (in-person)သာ ကျင်းပသွားမည် ဖြစ်ပါကြောင်း (Hybrid (Online+ In-person) ကျင်းပရန် အခက်အခဲ ရှိပါကြောင်း) လေးစားစွာ အသိပေး အပ်ပါသည်။ ကျင်းပပြုလုပ်ပြီးသည့် မှတ်တမ်းများ၊ ရလဒ်များကို လူကြီးမင်းတို့ထံ မျှဝေသွားမည် ဖြစ်ပါကြောင်း ထပ်လောင်း အသိပေးတင်ပြအပ်ပါသည်။

သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ တွင် မိဘများနှစ်ပါးစလုံးက AIDS ရောဂါဖြစ်ပြီး ဆုံးပါးသွားခဲ့ပြီး ကျန်ရစ်သော မိဘမဲ့ HIV ပိုးစွဲကပ်နေသော ကလေးငယ်များကိုသာ လက်ခံပြုစု စောင့်ရှောက်ပေးလျက်ရှိပါသည်။ ယခုအခါ ကြင်နာစွာ စောင့်ရှောက်သူကင်းမဲ့နေသော ရောဂါပိုးရှိသူ အတန်းပေါင်းစုံ ကလေးငယ်များ (စုစုပေါင်း ၉၂ ဦး အနက် အလယ်တန်းမှ အထက်တန်း ကျောင်းသား/သူ စုစုပေါင်း ၄၀ ကျော်) အတွက် ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

အဆိုပါ ဂေဟာရှိ ကလေးများအားလုံး နှင့် လုပ်အားပေး ဆရာ ဆရာမ အားလုံးအတွက် (နံနက်စာ- အလှူရှင်ရှိပြီး) နေ့လည်စာထမင်း+ နေ့လည် အာဟာရ+ ညနေထမင်း အတွက် ကုန်ကျစရိတ်ကို MERN မှ လှူဒါန်း ထောက်ပံ့ပေးခဲ့ပါကြောင်း အသိပေးအပ်ပါသည်။

ကျေးဇူးတင်လျက်

CETEP Team